Duration 3:42

YAK : -ာရုပ်

5 735 watched
0
33
Published 26 Nov 2011

ရန်ကုန်မြို့ ရဲ့ Hiphop လောကမှာအခြေတည်ပြီး လှုပ်ရှားနေတာတော်တော်ကြာပြီဖြစ်တဲ့ "YAK" အဖွဲ့ ရဲ့သီချင်းအသစ်တစ်ပုဒ်ရထားလို့ ပြန်လည်မျှဝေလိုက်ပါတယ် အမှန်အတိုင်းပြောရရင် နားထောင်ပြီးတာနဲ့ နဲနဲခေါင်းစားသွားတယ် ။ မြန်မာအမျိုးသမီးတွေ အချင်းချင်းသူတို့တွေမြင်တဲ့ အမြင်ထောင့်တစ်နေရာကနေ မြင်တဲ့အမြင်နဲ့ သူတို့ရွတ်ဖတ်ထားပါတယ် ။ ကိုယ်ပိုင်အရည်အချင်းမဟုတ်တဲ့ အပေါ်ယံအရေပြားပေါ်ကအလှနဲ့ ဗန်းပြပြီး ဘ၀ကိုရောင်းစားနေတဲ့ မြန်မာအမျိုးသမီးတွေကိုကြည့်မရလို့ ခပ်ပြင်းပြင်းလေး ကာရံတွေနဲ့ ဆုံးမထားပါတယ် ။ ဘာပဲပြောပြော အမှန်ကိုထောက်ပြတဲ့ "YAK" ရဲ့ ဖန်တီးမှုကို နားထောင်သူ အမြင်နဲ့ပြောရရင် အားရပါတယ် ။ ပေါ်ပင်သံစဉ်တွေကြားမှာ ဟန်ဆောင်မော်ကြွားနေတဲ့ကာရံတွေ ပြည့်နှုတ်နေတဲ့ဒီလိုအချိန်မှာ မြန်မာမိန်းမ MC နောက် ၂ ယောက်ပေါ်လာတာ ကြိုဆိုပါတယ် ။ ဂီတပိုင်းကို D.R.E.A.M က SoundEngineer ကို Ricky က ဖန်တီးပေးထားပြီး .. နောက်မှာ Jme ရဲ့ စကားပြောပါးပါးလေးနဲ့ သီချင်းကိုချယ်မှုန်းထားပါတယ် ။ ရင်ဘက်ခြင်းတူရင် အားပေးလိုက်ကြရအောင်ဗျာ . . .

Category

Show more

Comments - 0